
True Beauty(여신강림)
ပရိသတ်တွေစောင့်စားနေကြတဲ့ True Beauty ကို TvN ရုပ်သံကနေ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသာပတေးတွေမှာထုတ်လွှင့်သွားမှာဖြစ်ပြီး Gold Channel ကနေ ဘာသာပြန်တင်ဆင်ပေးသွားမှာပါ။
အထက်တန်းကျောင်းသူလေး Lim Ju-gyeong ဟာ သူမရဲ့ မလှပတဲ့ရုပ်ရည်ကြောင့် YouTube ကနေ မိတ်ကပ်ပြင်နည်းများစွာကို ကြည့်ရှုပြီး လှပတဲ့မိန်းမပျိုလေးအဖြစ်သို့ ပြောင်းလဲလာခဲ့ပါတယ်။ သူမရဲ့ ထူးချွန်လှတဲ့မိတ်ကပ်ပညာကြောင့် ကျောင်းမှာ အလှနတ်မိမယ်တစ်ပါးအဖြစ်ကျော်ကြားလာခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့နဂိုရုပ်ကို အတွေ့ခံမဲ့အစား သေပစ်လိုက်မယ်ဆိုတဲ့ Character မျိုးပါ။
Lee Su-ho ကတော့ သူရဲ့အတိတ်ကအဖြစ်အချို့ကြောင့် အေးတိအေးစက်နိုင်တယ်လို့ထင်ရပေမယ့် နွေးထွေးပြီးဂရုစိုက်တတ်တဲ့လူမျိူးပါ။ Lim Ju-gyeong ရဲ့ နဂိုမူလရုပ်ရည်ကို မြင်ဖူးထားတဲ့ကောင်လေးပါ။ သူရဲ့ပြည့်စုံတဲ့ရုပ်ရည်..ဘဝပေးအခြေအနေတွေကြောင့် အလေးပေးကြတဲ့သူတွေအစား တကယ့်မေတ္တာနဲ့နွေးထွေးပေးနိုင်မယ့်သူကို လိုချင်တဲ့သူပါ။
Han Seo-jun ကတော့ ခပ်မိုက်မိုက်ကျောင်းသားလေးနေရာကပါ။ စိတ်ရင်းကောင်းပေမယ့် ဂျစ်တစ်တစ်ဆန်တဲ့စရိုက်လေးက ဆူဟိုနဲ့ အရင်ကရှိခဲ့တဲ့ ဇာတ်လမ်းတွေကြောင့် ပိုပြီးပီပြင်ဦးမှာပါ။ ဆိုင်ကယ်စီးပြီး အပျိုတွေရဲ့အသည်းကိုခြွေမယ့် လူဆိုးလေးပေါ့။
Kang Su-jin ကတော့ သဘာဝအလှပိုင်ရှင်လေးဖြစ်ပြီး ချမ်းသာတဲ့မိသားစုကနေမွေးဖွားလာတဲ့သူအဖြစ်က ပါဝင်ထားပါတယ်။ သူမဟာ Lim Ju-gyeong နဲ့သူငယ်ချင်းဖြစ်လာခဲ့ပြီး လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းအဖြစ်သို့ ကူးပြောင်းသွားမလားဆိုတာကြည့်ရှုရမှာပါ။
ကျောင်းသားကားလေးဖြစ်ပြီး နာမည်ကြီး Webtoon ကို live action အဖြစ်ပြန်လည်အသက်သွင်းထားတဲ့အပြင် သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပဲမလို့ GC Team နဲ့အတူတူ အပတ်စဉ် ကြည့်ရှုခံစားပေးကြပါဦးနော်။
Translated by Faith,Hnin Aye Nyein,Youn Kyi Phyu and YM
thank u
no ep 3 yet today is wed’s day
ကျေးဇူးပါ