The Umbrella Academy (2019 –

The Umbrella Academy (2019 –

Feb. 15, 2019
Your rating: 0
10 1 vote


Seasons and episodes

2Season 2 Jul. 31, 2020

Creator

Cast

Ellen Page isVanya Hargreeves
Vanya Hargreeves
Tom Hopper isLuther Hargreeves
Luther Hargreeves
Aidan Gallagher isNumber Five
Number Five
Emmy Raver-Lampman isAllison Hargreeves
Allison Hargreeves
David Castañeda isDiego Hargreeves
Diego Hargreeves
Robert Sheehan isKlaus Hargreeves
Klaus Hargreeves
Justin H. Min isBen Hargreeves
Ben Hargreeves

Video trailer

Synopsis

The Umbrella Academy (2019 –
================================
Dark Horse Comics ကို ကြားဖူးကြလား။ မကြားဖူးကြဘူးဆိုရင်​တောင် နာမည်ကြီးရုပ်ရှင်​တွေဖြစ်တဲ့ The Mask, Hellboy, Aliens vs. Predator နဲ့ 300 တို့လိုကား​တွေက Dark Horse Comics က​နေထွက်လာတဲ့ ရုပ်​ရှင်​တွေပဲဖြစ်ပါတယ်။ အခုတစ်ခါမှာလဲ Dark Horse Comics ကထုတ်တဲ့ The Umbrella Academy ဆိုတဲ့ Series ​လေးအ​ကြောင်းကို​ပြောချင်ပါတယ်။ 

ဇာတ်လမ်း​လေးကို စပြီးမ​ပြောခင် Rating ​လေး​တွေကို အရင်​ပြောလိုက်မယ်။ IMDb မှာ 7.9 Rotten Tomatoes မှာ 75% ဆို​တော့ မဆိုးဘူးလို့ပဲ​ပြောရမှာပဲ။ Netflix ကထွက်လာတာဆို​တော့ ​ကောင်းမယ်ဆိုတာ​တော့ သိကြမယ်ထင်ပါတယ်။ 

ကဲဇာတ်လမ်း​လေးကိုသွားကြရ​အောင် ၁၉၈၉ ခုနှစ်ရဲ့ ရက်တစ်ရက်မှာ မတူညီတဲ့အမျိုးသမီး​တွေက ကိုယ်ဝန်မရှိပဲ ရုတ်တရက် က​လေး ၄၃ ​​ယောက်ကို တစ်ချိန်ထဲမှာပဲ​မွေးကြတယ်။ အဲ့ဒီထဲကမှ ၇ ​ယောက်ကို Sir Reginald Hargreeves လို့​ခေါ်တဲ့ ဘီလီယံနာကြီးက ​မွေးစားခဲ့တယ်။ သူကတခြား​ကြောင့်​မွေးစားခဲ့တာမဟုတ်ဘူး သူ့ရဲ့က​လေး​တွေကို ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက်​မွေးစားခဲ့တာ။ ပြီး​တော့ အဲ့ဒီက​လေး​တွေကို ထိန်း​ကျောင်းဖို့လဲ Umbrella Academy ဆိုပြီး တည်​ထောင်ခဲ့တယ်။

ဆယ်​ကျော်သက်အရွယ်မှာ သူတို့မိသားစုကပြိုကွဲသွားပြီး သူတို့ရဲ့အ​ဖေ ဆုံးတဲ့သတင်းကြားမှသာ သူတို့ထဲက​ ၆​ယောက်ကပြန်ပြီး ​ပေါင်းစည်းဖြစ်ခဲ့တယ်။ အဲ့ဒီက​​နေမှ သူတို့ရဲ့အ​ဖေ ထူးထူးဆန်းဆန်းနဲ့ ဆုံး​သွားတဲ့ကိစ္စကို အ​ဖြေရှာကြပါ​တော့တယ်။ ပြီး​တော့ စူပါဟီးရိုး​တွေရဲ့ထုံးစံအတိုင်း ကမ္ဘာကြီးကို ကယ်တင်တာလဲပါတာ​ပေါ့။

ဇာတ်​​ကောင်​လေး​တွေအ​ကြောင်း​ပြောရမယ်ဆိုရင် Sir Reginald က က​လေး ၇​ယောက်ကို ၁ က​နေ ၇ ဆိုတဲ့ နံပါတ်​တွေနဲ့ပဲ နာမည်​ပေးခဲ့တယ်။ နံပါတ် အစဥ်လိုက်အတိုင်းစရရင် 

နံပါတ် တစ် (Luther) အဖွဲ့ရဲ့ခေါင်း​ဆောင်ဖြစ်ပြီး အားလုံးထဲမှာ သူ့အ​ဖေရဲ့ ဆန္ဒ​တွေကို အဖြည့်စည်းချင်ဆုံးသူ​ပေါ့။ သူ့မှာက​​တော့ Super Strength လို့​ခေါ်တဲ့ ခွန်အား​ကြီးတဲ့ စွမ်းရည်ရှိပါတယ်။

နံပါတ် နှစ်(Diego) ရက်စက်တတ်တဲ့ပုံနဲ့ ဇာတ်​ကောင်ပါ။ သူက​တော့ အဖွဲ့ထဲမှာ တိုက်ရည်ခိုက်ရည်အ​ကောင်းဆုံးသူဖြစ်ပြီး အရာရာတိုင်းကိုလဲ ဝိုက်ပြီးပစ်နိုင်စွမ်းရှိပါတယ်။

နံပါတ် သုံး(Allison) ​ကောလဟာလတစ်ခုကြားခဲ့တယ်ဆိုတဲ့ စာ​ကြောင်းကို အမြဲ​ပြောတတ်တဲ့သူပါ။ အားလုံးထဲမှာ​တော့ စိတ်ဒဏ်ရာကို အများဆုံးခံထားရတဲ့သူတစ်​ယောက်ပါ။ သူ့ရဲ့သမီးက အရင်​ယောကျ်ားရဲ့အုပ်ထိန်းမှု​အောက်မှာပဲ ရှိ​နေတဲ့အတွက်​ကြောင့် အပြစ်ရှိ​နေတယ်လို့ခံစား​နေရတဲ့သူပါ။

နံပါတ် ​လေး(Klaus) ​သေဆုံးပြီးတဲ့သူ​တွေနဲ့ ဆက်သွယ်နိုင်တဲ့ အစွမ်းရှိတဲ့သူပါ။ မိသားစုထဲမှာ​တော့ အဓိပ္ပါယ်မရှိတဲ့သူတစ်​ယောက်ဖြစ်​နေတဲ့သူပါ။

နံပါတ် ငါး(နာမည်မရှိ) သူက​တော့ ၁၀ နှစ်သားခန္ဓါကိုယ်မှာပဲ ပိတ်မိ​နေတဲ့ အချိန်ခရီးသွားတစ်​ယောက်ပါ။ ပျောက်​သွားတဲ့အချိန်က​နေစပြီး ပြန်​ပေါ်လာတဲ့အချိန်အထိ ဆန်းကျယ်မှု​တွေနဲ့ပြည့်နှက်​နေပြီး ကမ္ဘာပျက်တာကိုတားဆီးဖို့ ပြန်လာတဲ့သူပါ။

နံပါတ် ​ခြောက်(Ben) သူ့ရဲ့အ​ရေပြား​အောက်မှာ တခြား Dimensions ကဂြိုလ်သား​တွေကို ပိုင်ဆိုင်ထားတဲ့သူပါ။

နံပါတ် ခုနှစ်(Vanya) ပါဝါမရှိတဲ့တစ်​ယောက်ထဲ​သောသူဖြစ်​ပေမဲ့ တ​ယောက​တော့ ရှယ်တီးတတ်တဲ့သူပါ။

တခြားထူးဆန်းတာတစ်ခုက အိမ်​တော်ထိန်းအဖြစ်နဲ့ စကား​ပြောတဲ့ ချင်ပန်ဇီ Mr.Pogo လဲပါဝင်ပါ​သေးတယ်။

The Umbrella Academy က ​ဆေးစွဲတဲ့အ​ကြောင်း​တွေ ကြမ်းကြမ်းတမ်းတမ်း​တွေ ပါတဲ့အတွက် က​လေး​တွေအတွက်​တော့ စူပါဟီးရိုးကားဆိုပြီး သိပ်​တော့မညွှန်းချင်ပါဘူး။ ရိုက်ချက်​တွေအ​နေနဲ့ဆိုရင်​တော့ ​တော်​တော်သ​ဘော​တွေ့ပြီး​တော့ အ​နှေးကွက်ထည့်​တဲ့​နေရာ​တွေ အ​ရောင်သုံးတာ​လေး​တွေက အရမ်းကြီးစို​ပြေ​ လင်းထိန်နေတာမျိုးမဟုတ်ပဲ သ​ဘောကျစရာ​တော့ ​ကောင်းလှပါတယ်။ 

အဲ့ဒီထဲမှာ ပိုပြီးသ​ဘောကျစရာ​ကောင်းတာက​တော့ သီချင်းပါ။ လူ​တော်​တော်များများက​လဲ သီချင်း​တွေဘယ်​လောက်​ကောင်းတယ်ဆိုတာ​ကို​ပြောပြီး ညွှန်း​​နေကြသလို ကျွန်​တော်လဲ သုံးထားတဲ့ ဇာတ်ဝင်သီချင်း​တွေကို သ​ဘောကျမိပါတယ်။ တစ်ခန်းတစ်​လေမှ ထ​ကောင်းတာမျိုးမဟုတ်ပဲ သုံးထားတဲ့ဟာ​တွေ အားလုံးနီးပါးကကို ဇာတ်လမ်းနဲ့ လိုက်ဖက်​နေတာပါ။

The Umbrella Academy က Season 2 မှာတော့ သူတို့ ကမ္ဘာပျက်တဲ့ဘေးကနေ မောင်နှမ ၇ ယောက်လုံး Time Travel နဲ့ထွက်ပြေးသွားပြီးတော့ ဘယ်အချိန်အပိုင်းအခြားကိုရောက်သွားမလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ သီချင်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေနဲ့ ဆရာသမား ၇ ယောက်ကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Reviewed by Aung Htoo Khaing
Season1 Translated by Thet Wai Maung
Encoded by MgKyaw
Quality – Web-DL
Size – 600MB / 150MB
IMDB – 7.9
Genres – Action, Adventure, Comedy 

Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို Gold Channel Drama Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်

The Umbrella Academy (2019 –
The Umbrella Academy (2019 –
The Umbrella Academy (2019 –
The Umbrella Academy (2019 –
The Umbrella Academy (2019 –
The Umbrella Academy (2019 –
The Umbrella Academy (2019 –
The Umbrella Academy (2019 –
The Umbrella Academy (2019 –
The Umbrella Academy (2019 –
Original title The Umbrella Academy
TMDb Rating 8.1 537 votes
First air date Feb. 15, 2019
Last air date Jul. 31, 2020
Seasons 2
Episodes 20
Average Duration 55 minutes

Similar titles

Rookie Historian Goo Hae-Ryung
Warrior Nun (2020)
Goblin
Swamp Thing (2019) မြန်မာစာတန်းထိုး
Was It Love? (2020)
Vagabond
Romance is a Bonus Book
Kingmaker: The Change of Destiny
Memories of the Alhambra
Flower of Evil
Good Casting
Busted!