
The Penthouse: War in Life (2020)
Romanticဆန်တဲ့ကားတွေပဲ ကြည့်ပြီး စောင်ပဲကိုက်နေတဲ့ K Drama ပရိသတ်ကြီးအတွက် ဒီတစ်ခါ Gcက တင်ဆက်ပေးချင်တဲ့ကားလေးကတော့ အချစ် အိမ်ထောင်ရေး မိသားစု စတာတွေနဲ့ အထက်တန်းလွှာမိသားစုတွေရဲ့ဘဝကို ပုံဖော်ပြသထားတဲ့ Dramaကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ ဟယ်ရာနန်းတော်လို့ခေါ်တဲ့ အထပ်ပေါင်း ၁၀၀ပါဝင်တဲ့ မိုးမျှော်တိုက်ကြီးမှာနေထိုင်တဲ့ လူချမ်းသာတွေရဲ့အကြောင်းကို အဓိက ရိုက်ကူးတင်ဆက်ထားပါတယ်။
ရှင်းဆူယွန်းကတော့ ချမ်းသာတဲ့ မိသားစုမျိုးရိုးကနေဆင်းသက်လာသူဖြစ်ပြီး ထိုမိုးမျှော်တိုက်ကြီးရဲ့ ဘုရင်မတစ်ပါးပါ။
ချောင်းဆောဂျင်ဆိုသူကတော့ ဂန္တဝင်သီချင်းသီဆိုသူဖြစ်ပြီး ချောင်းအာအနုပညာအထက်တန်းကျောင်းဒါရိုက်တာရဲ့သမီးဖြစ်ပြီး လက်ရှိအဲ့ကျောင်းကို အုပ်ချုပ်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။
အိုယွန်းဟီးကတော့ သာမန်လူတန်းစားဖြစ်ပြီး ချောင်းဆောဂျင်နဲ့ဇာတ်လမ်းလေးတွေရှိခဲ့ပြီး သမီးအတွက်ဆို အသက်ကိုပင်စွန့်ပြီး ဘာမဆိုလုပ်ပေးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။
ချမ်းသာတဲ့အသိုင်းအဝိုင်းကြီး မျိုးရိုးကြီးကလူတွေရဲ့အားပြိုင်မှုနဲ့ သာမန်လူတန်းစားအလွှာတို့ရဲ့အားပြိုင်မှု ထိုကဲ့သို့ မိဘတွေဆီက ဆင်းသက်လာတဲ့ သားသမီးတွေရဲ့အားပြိုင်မှု ထိုထဲကမှမြေစာပင်ဖြစ်ခဲ့ရတဲ့ သနားဖွယ်ရာသူတို့… စတာတွေကို အံ့အြမှင်သက်ဖွယ် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး သုံးယောက်ရဲ့ သရုပ်ဆောင်ပုံတွေကလည်း တကယ့်ကို ရင်သပ်ရှုမောပဲမလို့ ဆက်ဆက်ကြည့်ရှုကြဖို့ ပြောပါရစေ။
Translated by Faith,Hay Marn,Ngal,Yin Cho and YM
Pls ep 16
Plz Ep -10
where’s link?
click on episode number