The Last Kingdom (2015 –

The Last Kingdom (2015 –

Oct. 10, 2015
Your rating: 0
9.5 6 votes


Seasons and episodes

1Season 1 Oct. 10, 2015

Video trailer

Synopsis

The Last Kingdom (2015 –
===============================
နာမည်​ကျော် အင်္ဂလိပ်စာ​ရေးဆရာ Bernard Cornwell ​ရေးသားထားတဲ့ The Saxon Stories ဝတ္တု​တွေကို Tv Series အဖြစ်နဲ့ The Last Kingdom ဆိုပြီး ​ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ Season 1 နဲ့ 2 ကို BBC Two ရုပ်သံလိုင်းမှာ ပြသခဲ့ပြီး​တော့ Season 3 က​နေစပြီး​တော့ Netflix က​ပြောင်းလဲပြီး ဖြန့်ချီခဲ့ပါတယ်။ ဇာတ်ကား​ကောင်း​တွေကိုပဲ သိမ်းကျုံးတတ်တဲ့ Netflix ဆို​တော့ ​​ကောင်းမှာက​တော့​သေချာပါတယ်။

Rating အ​နေနဲ့က​တော့ IMDb မှာ 8.4… Rotten Tomatoes မှာ 91% ဆို​တော့ မ​ကောင်းစရာ​လို့ကို မထင်ရက်​လောက်​အောင်ပါပဲ။ Rating ​တွေပဲ​​ကောင်းတာလားဆို​တော့ အဲ့လို​တော့လဲမဟုတ်ပြန်ဘူး တစ်ပိုင်းပြီးတစ်ပိုင်း​ပျင်းလို့ ​ကျော်ကြည့်ရတယ်ကို မရှိပါဘူး။

ဇာတ်လမ်းအ​ကြောင်း​လေးကိုသွားရ​အောင် အင်္ဂလန်ကို Vikings ​တွေ ကျူး​ကျော်တဲ့အချိန်မှာ Uhtred ရဲ့အ​ဖေအသတ်ခံခဲ့ရပြီး​တော့ Uhtred ကလဲ Norsemen ​တွေပြန်​ပေးဆွဲခံခဲ့ရပါတယ်။ Vikings ​တွေက အင်္ဂလန်ရဲ့ တိုင်းပြည်​တွေကို ဆက်ပြီးတိုက်​နေတဲ့အချိန်မှာ Norsemen ​တွေကပဲ Uhtred ​လေးကို ​စောင့်​ရှောက်ခဲ့တယ်။

နှစ်​တွေကြာလာတဲ့အခါမှာ​​တော့ အရွယ်​ရောက်လာတဲ့ Uhtred က Saxon လဲမဟုတ်ဘူး Dane လဲမဟုတ်ဘူးလို့ လက်ခံလိုက်ပြီး သူ့ဘဝသူ​ကျောင်းဖို့ လုပ်ပါ​တော့တယ်။ အဲ့ဒီအချိန်မှာ​တော့ Wessex ရဲ့ အ​မျှော်အမြင်ရှင်တဲ့ King Alfred ကလည်း သူ့ရဲ့​နောက်ဆုံးကျန်တဲ့တိုင်းပြည်အ​နေနဲ့ အင်္ဂလန်ကို ပြန်လည်ပူး​ပေါင်းဖို့ ကြိုးစားပြီး​တော့ ခရစ်ယာန်ဘာသာ​ကိုလဲ ပျံ့ပွား​​အောင်လုပ်ပါ​တော့တယ်။

ပိုက်ဆံကိုလဲသုံးထားတယ်။ ဇာတ်ညွှန်းကလဲ ​ကောင်း​နေပြီး​တော့ နာမည်ကြီး Series ​တွေနဲ့ ယှဥ်လို့ရတဲ့အ​နေအထားမှာပါပါတယ်။ ပြီး​တော့ ဗြိတိန်ရုပ်ရှင်​တွေရဲ့ပုံစံအတိုင်း စကား​တွေ ​ဖောင်းပွ​နေ​အောင်​ပြောတာမျိုးမဟုတ်ပဲ တိုက်ပွဲ​လေး​တွေပါပါ​နေ​တော့ ကြည့်ရတဲ့သူကိုလဲ မပျင်း​စေပါဘူး။ Season တစ်ဝက်​လောက်​ရောက်ရင် တိုက်ပွဲအကြီးစားကြီး​တွေကို ရိုက်ချက်မိုက်မိုက်​တွေနဲ့လဲ တစ်ခါတစ်ခါ​ကြည့်ရဦးမှာပါ။

​တော်​တော်များများက Game of Thrones တို့ Vikings တို့​လောက်ပဲ ကြည့်ဖြစ်​နေကြပြီး ဒီ The Last Kingdom ကကျ​တော့ လူ​အများကြားမှာ မထင်မရှား​လေးဖြစ်​နေတာပါ။ တကယ်​​ကောင်းတဲ့ Tv series ​တစ်ခုပါ။ တကယ်လို့ Game of Thrones ​ကလဲ ပြီးသွားပြီ။ အဲ့ဒီအရသာ​လေးကိုလဲ ကြိုက်တယ်။ Vikings ကိုလဲ ကြည့်ဖူးတယ်ဆိုရင်​တော့ ဒီတစ်ခါ Vikings ​တွေဘက်ကမဟုတ်ပဲ အင်္ဂလန်ဘက်က The Last Kingdom ကို စမ်းကြည့်ဖို့​တော့ ညွှန်း​ပေးချင်ပါတယ်။

Review by Aung Htoo Khaing
Translated by Saw Lay
Encoded by MgKyaw
Quality – Bluray
Size – 800MB / 200MB
IMDB – 8.4
Genres – Action, Drama, History

Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို Gold Channel Drama Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်

The Last Kingdom (2015 –
The Last Kingdom (2015 –
The Last Kingdom (2015 –
The Last Kingdom (2015 –
The Last Kingdom (2015 –
The Last Kingdom (2015 –
The Last Kingdom (2015 –
The Last Kingdom (2015 –
The Last Kingdom (2015 –
The Last Kingdom (2015 –
Original title The Last Kingdom
TMDb Rating 8 577 votes
First air date Oct. 10, 2015
Last air date Apr. 26, 2020
Seasons 4
Episodes 36
Average Duration 60 minutes

Similar titles

Haechi
The Crowned Clown
When the Weather is Fine
Rise of Empires: Ottoman (2020)
Bring It On, Ghost
Ragnarok (2020)
Servant (2019)
Graceful Friends
You Are Beautiful
Strong Woman Do Bong Soon
The Stranded (2019)
Stargirl