The Good Detective (2020)

The Good Detective (2020)

Jul. 06, 2020
Your rating: 0
9 2 votes


Seasons and episodes

1Season 1 Jul. 06, 2020

Video trailer

Synopsis

ကိုရီးယား စုံထောက် ကားတွေကို မရိုးတန်းကြည့်ချင်သူတွေအတွက် Encounter ကားထဲက မင်းသား Jang Seung Jo နဲ့ My Bossy Girl ကားထဲက မင်းသမီး Lee Elijah တို့ရဲ့ Mystery_Drama ကားလေးကတော့ Netflix ကနေ နောက်လ မှာ ထွက်ရှိတော့မှာပါ။
ဒီကားကတော့ အမှန်တရားကို ဖော်ထုတ်ချင်သူနဲ့ မရ ရအောင် ဖုံးကွယ်ချင်တဲ့ သူနှစ်ယောက်ကြား ပြိုင်ဆိုင်မှုတွေ အကြောင်းပါ။
ဇာတ်လမ်းက
Oh Ji Hyeok(Jang Seung Jo) က အတွေ့အကြုံ ၉နှစ်ရှိတဲ့ လက်ရွေးစင် စုံထောက်တစ်ယောက်ပါ။ Ji Hyeok ရဲ့ အားသာချက်က ရာဇဝတ်မှုတွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ထိုးထွင်းသိမြင်ပြီး စစ်ဆေးတတ်သူလို့ ကျော်ကြားသူတစ်ယောက်ပါ။
သူ့ရဲ့ ငယ်ဘဝ က စိတ်ဒဏ်ရာကြောင့် သူ့ခံစားရတာတွေကို ဘယ်သူ့ကိုမှ မမျှဝေဘဲ စိတ်ထဲပဲ သိမ်းထားတတ်သူမျိုးပါ။ကံကောင်းတာက သူ့ဉီးလေးဖြစ်သူ ချန်ထားခဲ့တဲ့ အမွေတွေကြောင့် ချမ်းသာသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
Kang Do Chang (Son Hyun Joo) က လွန်ခဲ့သော ၁၈ နှစ်ကစုံထောက်အဖြစ်အလုပ်လုပ်ခဲ့သူ တစ်ယောက်။သူ့ကို အင်ချွန်း မှာ မွေးဖွားပြီး ကြီးပြင်းလားသူတစ်ယောက်ပါ။သူ့ရဲ့ လုပ်သက်အတွေ့အကြုံတွေ ၊ အချင်းချင်းကြားက ဆက်ဆံရေးတွေ ၊ သိပ္ပံနည်းကျနည်းစနစ်တွေ နဲ့ အလုပ် လုပ်သူတစ်ယောက်ပါ။
မင်းသမီး Jin Seo Kyung (Lee Elijah )က လုပ်သက် ၅နှစ်ရှိတဲ့ အလုပ် လုပ်ရမယ်ဆို အမြဲတက်ကြွနေတဲ့ စိတ်အားထက်သန်တဲ့ သတင်းထောက် အဖြစ် မြင်တွေ့ရမှာပါ။
သုံးယောက်လုံးရဲ့ ဆက်နွယ်မှုက ဘာဖြစ်မလဲ။
အတွေ့အကြုံ ၁၀နှစ်နီးပါးကွာတဲ့ စီနီယာ ဂျူနီယာ တွေ အမြင်မတူဘဲ ရာဇဝတ်မှုတွေကို စုံစမ်းကြမလား။
စုံထောက်ဖြစ်လာရတာက ငယ်ဘဝ မှာ စိတ်ဒဏ်ရာ ရတဲ့ အကြောင်းတွေနဲ့ ပက်သက်နေမလား။
သတင်းရဖို့ ဆို အမြဲတက်ကြွနေတဲ့ ဇွတ်သတင်းလိုက်တတ်တဲ့ သတင်းထောက် မမ နဲ့ စုံထောက်နှစ်ယောက် ကြားက ဘယ်လို အမူမျိုးက လာဆက်နွယ်နေမလဲ ဆိုတာကိုတော့
6 July မှာ JTBC/Netflix ကနေ တနင်္လာနဲ့ အင်္ဂါနေ့တိုင်းမှာ ထုတ်လွှင့်သွားမှာပါ။အပိုင်း ၁၆ ပိုင်းထိ ရှိတဲ့ ကားလေးပါ။
#GoldChannelTrendReview

Original title 모범형사
First air date Jul. 06, 2020
Seasons 1
Episodes 4

Similar titles

Hwarang: The Poet Warrior Youth
It’s Okay to Not Be Okay
Love Alarm
The Winner Is Love
Fight For My Way
Train (2020)
Perry Mason (2020)
Pennyworth
Top Management
Tempted
Curon (2020)
Just Between Lovers
-->