Raised by Wolves (2020)

Raised by Wolves (2020)

Sep. 03, 2020
Your rating: 0
10 9 votes


Seasons and episodes

1Season 1 Sep. 03, 2020

Creator

Cast

Video trailer

Synopsis

Raised by Wolves (2020)
=======================

ကဲ ဒီတစ်ခါတော့ HBO Max ကနေ ဒီ September ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ ခေတ်လွန် Sci-Fi Serie လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။

ကမ္ဘာကြီးစစ်ပွဲ‌ကြောင့် ပျက်စီးသွားပြီး လူသားတစ်ချို့သာ Ark လို့ခေါ်တဲ့ယာဉ် နဲ့လွတ်‌မြောက်လာခဲ့ပါတယ်။ ဘာသာတရားကို လက်ကိုင်ထားတဲ့လူတွေပါ၊ သူတို့က လူသားတွေနေထိုင်နိုင်မယ့် နေရာအသစ်ကို Ark လို့ခေါ်တဲ့ယာဉ်ပျံကြီးနဲ့ လိုက်ရှာကြပါတယ်။

သူတို့ကိုယ်သူတို့ Mother (အမန်ဒါကောလင်း) နဲ့ Father (အဘူဘကာ ဆလင်း) လို့‌ခေါ်တဲ့ အန်းဒရိုက်စက်ရုပ်(Android) နှစ်ကောင်က ယာဉ်ပျံတစ်ခုနဲ့ အတူ အေးခဲနေတဲ့ သန္ဓေသား ခြောက်ယောက်ကိုသယ်ဆောင်ပြီး ဂြိုလ်တစ်ခုပေါ်ကို ရောက်လာပါတယ်၊ သူတို့ရဲ့ရည်ရွယ်ချက်က ဘာသာရေးဆိုတာမရှိမယ့် ကမ္ဘာအသစ်တစ်ခုကို တည်ထောင်ဖို့ပါ။

သူတို့သယ်ဆောင်လာတဲ့သန္ဓေသား ခြောက်ယောက်ကို သူတို့ဆီက ဇီဝအထောက်အပံ့နဲ့ အသက်ရှင်အောင် မွေးကြပါတယ်။ အချိန်ကြာလာတော့ အဲ့က‌လေး ခြောက်ယောက်က တစ်ဖြည်းဖြည်းကြီးပြင်းလာတာပေါ့၊ ကလေးတွေက လူမျိုး စုံတယ် အာရှ၊ နီဂတိုး ၊လူဖြူ ၊လူမည်း အစုံပေါ့။ Mother နဲ့ Father နှစ်ယောက်က ကိုယ့်ကလေး အရင်းတွေလိုပြုစုစောင့်ရှောက်ပေးတယ်။

ပြီးတော့ သူတို့ရဲ့ရည်ရွယ်ချက်အတိုင်း ဘာသာရေးဆိုတာ မရှိဘူး၊ သိပ္ပံပညာကိုပဲ လက်ကိုင်ထားရမှာ ဖြစ်တဲ့အကြောင်းတွေ သင်ပေးတယ်ပေါ့၊ ဒါပေမယ့် နေရာ‌ဒေသ မကိုက်ညီမှုကြောင့်ရော အခြားအကြောင်းအမျိုးကြောင့်ရော ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားပြီး ၁၂ နှစ်ကြာတဲ့အချိန်မှာတော့ ကန်ပီယန်လို့ခေါ်တဲ့ ကလေးတစ်ယောက်သာ ကျန်ခဲ့ပါတော့တယ်။

အန်းဒရိုက်စက်ရုပ်(Android) တွေကလည်း တစ်ဖြည်းဖြည်း ပျက်စီးတော့မယ့်အချိန်ကိုရောက်လာတယ်၊ Father(အဘူဘကာဆလင်း) က နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ ကန်ပီလေး တစ်ယောက်ကို Ark ‌ဆိုတဲ့ ယာဉ်ပျံပေါ်က လူတွေနဲ့ပဲ အတူ‌ပေးနေချင်စိတ်ပေါ်လာခဲ့တယ်။ သူတို့မရှိတဲ့နောက်ဘေးမကင်းနိုင်မှာစိုးတဲ့စိတ်ကြောင့်ပါ။ ဂြိုလ်ပေါ်ကနေ Ark ယာဉ်ကို လှမ်းပြီးဆက်သွယ်ဖို့ကြိုးစားခဲ့တယ်….. ဒါကို Android Mother က မကြိုက်တဲ့အချိန်မှာ ဇာတ်က စတင်လာပါတော့တယ်။

အဲဒီလူတွေရောက်လာရင် ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လိုမျိုး စစ်ပွဲတွေကြုံရမလဲ၊ အန်းထရိုက် Mother ရဲ့အကြံအစည်ကရော အောင်မြင်သွားမှာလား ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် စီးရီးတစ်ခုပါ။ ရိုက်ထားတဲ့ စိတ်ကူစိတ်သန်းလေးကလည်း ပရိတ်သတ်တွေရဲ့စိတ်ကို ဘာဆက်ဖြစ်မလဲ ဆိုတဲ့စိတ်တွေဖြစ်ပေါ်စေပါတယ်။

သွေးထွက်သန်ယို တွေပါတဲ့အတွက် ကလေးငယ်များကြည့်ဖို့မသင့်တော်ပါဘူး ခင်ဗျ။ ကဲပရိတ်သတ်ကြီးရေ အန်းဒရိုက်စက်ရုပ်ဖြစ်တဲ့ Mother ကသူရည်ရွယ်ချက်ကို ဘယ်လိုမျိုးပုံနဲ့အကောင်အထည်ဖော် မယ်ဆိုတာသိချင်ရင်တော့ ဒီစီးရီး ကို down ကြည့်လိုက်ကြပါဦးနော် ….

Translated & Review by Kg Zar Ni
Encoded by MgKyaw
Quality – Web-DL
Size – 800MB / 180MB
IMDB – 8.7
Genres – Drama, Fantasy, Sci-Fi

GC drama Page – https://www.facebook.com/goldchannel123/
GC Movies Page – https://www.facebook.com/GC-Movies-107512007739781/
GC App Page – https://www.facebook.com/Gold-Channel-Entertainment-100228778467456 Download ရတာအဆင်မပြေလို့ Application သုံးချင်ရင် ဒီ Page messenger မှာ လာပြောပေးပါ ကျေးဇူးတင်ပါတယ်

Raised by Wolves (2020)
Raised by Wolves (2020)
Original title Raised by Wolves
TMDb Rating 7.2 11 votes
First air date Sep. 03, 2020
Last air date Sep. 03, 2020
Seasons 1
Episodes 4
Average Duration 60 minutes

Similar titles

Zombie Detective
The Mandalorian (2019)
What’s Wrong With Secretary Kim
Gangs of London
The Last Kingdom (2015 –
The King in Love
Hotel Del Luna
Warrior Nun (2020)
Hanna (2019 –
Dark (2017 – 2020)
Three Kingdoms (2010) မြန်မာစာတန်းထိုး
It’s Okay to Not Be Okay