
Mr.Queen (철인왕후)
TvN ကနေ အပတ်စဉ် စနေနဲ့ တနင်္ဂနွေတွေမှာထုတ်လွှင့်သွားမယ့် Mr.Queen ကို Gold Channel ကနေဘာသာပြန်တင်ဆက်ပေးသွားမှာပါ။
Jang Bong Hwan ဟာ မျက်မှောက်ကာလမှာ သမ္မတအိမ်ပြာတော်ရဲ့ စားဖိုမှုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံတဲ့ပွဲမှာ စားသောက်ပွဲပြင်ဆင်ပေးရာမှာ မတော်တဆမှားယွင်းမှုဖြစ်သွားခဲ့ပါတယ်။ စစ်ဆေးဖို့လာခေါ်တာကို ငြင်းဆန်ရင်း စားဖိုမှုးတစ်ယောက် ရေကူးကန်ထဲပြုတ်ကျသွားရာမှ ပြန်နိုးလာချိန်မှာတော့ စိမ်းသက်သက်နေရာကို ရောက်နေခဲ့ပါတော့တယ်။သူအသိဝင်လာချိန်မှာ သူ့ရဲ့နဂိုခန္ဓာကိုယ်မှာမဟုတ်ပဲ ဂျိုဆွန်းခေတ်က မိဖုရားခေါင်အလောင်းအလျာ Kim So Yong ရဲ့ကိုယ်ထဲရောက်နေတာပါပဲ။
လက်ထပ်ရမယ့် ဘုရင်က ကြင်နာပြီးသဘောကောင်းတယ်လို့ သတင်းမွှေးတဲ့ ရုပ်သေးဘုရင် Cheol Jong ပါ။ ဒါပေမယ့် ထိုဘုရင်ဟာ သူရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေကို ထိန်းချုပ်ပြီး ရုပ်သေးဘုရင်ဘဝမှာ လျှို့ဝှက်ချက်များစွာနဲ့နေနေသူပါ။
တိုင်းပြည်မယ်တော်ဖြစ်တဲ့ မယ်တော်ကြီး Sunwon က နိုင်ငံ့အာဏာကိုထိန်းချုပ်ထားတဲ့သူပါ။ သူမရဲ့ လက်ခုပ်ထဲ ဘုရင်ကိုထည့်ပြီးနိုင်ငံ့အရေးကို ကစားနေသူပါ။ သူမရဲ့မောင်ဖြစ်တဲ့ Kim Jwa Geun ကတော့ ရည်မှန်းချက်ကြီးပြီး တိုင်းပြည်ရဲ့အာဏာကို လောဘတက်နေသူပေါ့။
ယခုခေတ်မှာတောင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ Jang Bong Hwan တစ်ယောက် စည်းဘောင်များလှတဲ့ခေတ်မှာ နိုင်ငံ့မိခင်ကိုယ်ထဲဝင်သွားပြီး နန်းတွင်းကို ဘယ်လိုဂယက်ထစေမလဲဆိုတဲ့ အခွီတွေကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ။ ထို့အပြင် ရှုပ်ထွေးတဲ့နိုင်ငံရေးတွေပါ ပါဝင်နေမှာဖြစ်လို့ လက်မလွတ်သင့်တဲ့ကားလေးကို GC Team နဲ့အတူကြည့်ရှုပေးကြပါဦး
Translated by Faith,Hnin Aye Nyein,Youn Kyi Phyu and YM
ကျေးဇူးပါ
ep 5 please
Ep.5 please……
Ep 5 လေးတင်ပေးပါတော့ Please
တရုတ်ကားနဲ့ သွားတူနေတယ်
အပိုင်း ၁နဲ့ နှစ် က Download link ၀င်မရဘူးဗျို့😔
no ep 3 yet