
Cheat On Me,If You Can
GC ပရိသတ်ကြီးကို အသစ်ထွက်ရှိလာတဲ့ Ongoing ကိုးရီးယားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
စာရေးဆရာမ ဂန်ယောဂျင်ဟာ မှုခင်းဝတ္ထုတွေရေးသားပြီး စာပေလောကမှာ Best-selling နေရာကို ပိုင်ဆိုင်ထားတဲ့ စာရေးဆရာမတစ်ယောက်ပါ
သူရေးသားတဲ့ ဇာတ်လမ်းတွေကလည်း ကြမ်းပေ့ဆိုတဲ့ လူသတ်တဲ့ဇာတ်လမ်းတွေချည်းပါပဲ
ထိပ်တန်း စာရေးဆရာမပီပီ ဇာတ်လမ်းထဲက သူ့ဇာတ်ကောင်ကို ပိုပြီးအသက်ဝင်စေဖို့
လူတွေကို ဘယ်လိုသတ်ရမလဲဆိုတာကို အမြဲတမ်းတွေးနေတတ်တဲ့ သူမျိုးပါ
ဒီစာရေးဆရာမက ရှေ့နေဟန်ဝူဆောင်းနဲ့ လက်ထပ်ထားပါတယ်
ရှေ့နေဟန်က ကွာရှင်းတဲ့ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ အထူးရှေ့နေပါ
ဒီရှေ့နေက သူ့မိန်းမကို “If I cheat,I die” ဆိုတဲ့ မှတ်စုလေး ရေးထားပေးပါသတဲ့
Romantic ဆန်တဲ့ ကားမျိုးမဟုတ်ဘဲ ရှေ့နေယောက်ျားနဲ့ လူတွေကို ဘယ်လိုသတ်ရင်ကောင်းမလဲဆိုတာ အမြဲတွေးနေတဲ့ ဇနီးသည်ကြားက သည်းထိတ်ရင်ဖို အဖြစ်အပျက်တွေကို
ဟာသလေးနဲ့ရောပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်းKBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမှုကို
GC မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်
Translated by- Yin Cho, Ngal and Hay Marn