
Awaken
မင်းသား Nam Goong Minရဲ့ 2020မှာပထမဆုံးထွက်ရှိလာတဲ့ ရဲစုံထောက်အက်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားထဲမှာတော့ မင်းသား Nam Goong Minကို ဆိုးလ်နယ်မြေခံရဲဌာနအထူးတပ်ဖွဲ့ရဲ့ အဖွဲ့မှုးဒိုဂျောင်ဝူအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်
အပြင်ပန်းအရတော့ စုတ်တီးစုတ်ပြတ် ဂျစ်တီးဂျစ်ကန်စုံထောက်တစ်ယောက်အနေနဲ့ပုံဖော်ထားပေမဲ့ နောက်ကွယ်မှာတော့လျို့ဝှက်ချက်တွေနဲ့ရှိနေတဲ့ characterမျိုးပါ
မင်းသမီးLee Chung Ahကတော့ ဂျေမီဆိုတဲ့FBIရဲ့အငှားစုံထောက်တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်
ဂျေမီကကလေးဘဝကတည်းကနိုင်ငံခြားကိုမွေးစားဖို့အပို့ခံလိုက်ရပြီးတော့ လွန်ခဲ့တဲ့ ၂၈တုန်းကပျောက်ဆုံးနေတဲ့သူ့ရဲ့မှတ်ဉာဏ်တွေနဲ့ပက်သက်နေတဲ့
ကွင်းဆက်လူသတ်မှုတစ်ခုကိုစုံစမ်းဖို့ ကိုရီးယားကိုပြန်ရောက်လာခဲ့တဲ့သူပါ
AOAအဖွဲ့ဝင် Kim Seol Hyunကတော့ ဒိုဂျောင်ဝူရဲ့ အထူးတပ်ဖွဲ့ထဲက သွက်လက်ပြီးအရည်အချင်းရှိတဲ့ ရဲမေလေး ဂုံဟယ်ဝန်အနေနဲ့ပါဝင်ထားပါတယ်
ဇာတ်လမ်းကိုတော့ လွန်ခဲ့တဲ့ ၂၈နှစ် အဖြူရောင်ညရွာမှာဖြစ်ပွားခဲ့တဲ့ မတော်တဆမှုနဲ့စထားပြီးတော့
စိတ်ဝင်စားစရာကောင်းတဲ့ကွင်းဆက်လူသတ်မှုတွေနဲ့ တည်ဆောက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
ဒိုဂျောင်ဝူကရော လွန်ခဲ့တဲ့၂၈နှစ်ကအမှုနဲ့ဘာတွေပက်သက်နေမလဲ…
ဂျေမီကရော သူစုံစမ်းနေတဲ့ကွင်းဆက်လူသတ်မှုကနေ အတိတ်ကမှတ်ဉာဏ်တွေကိုပြန်သတိရနိုင်ပါ့မလား…
စုံထောက် မှုခင်း အက်ရှင်ကားပရိသတ်တွေ အကြိုက်တွေ့နိုင်မဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်
Translated by Ji Yoon,Milkeux and Phyoe