Arthdal Chronicles

Arthdal Chronicles

Jun. 01, 2019
Your rating: 0
9.4 123 votes


Seasons and episodes

1Season 1 Jun. 01, 2019
2Season 2 Jun. 22, 2019
3Season 3 Sep. 25, 2020

Video trailer

Synopsis

Arth လို့ခေါ်တဲ့ ဒဏ္ဍာရီလာ နယ်မြေတစ်ခုက Arthdal ရှေးဟောင်းမြို့တော်သားတွေရဲ့ တန်ခိုးအာဏာယှဉ်ပြိုင်ကြရင်းက မထင်မှတ်ထားတဲ့ အချစ်နဲ့ပါယှဉ်တွဲလာရတဲ့အခါ ..

စိတ်ဝင်စားဖွယ်စိတ်ကူးယဉ်မြို့တော်တစ်ခုကိုအခြေတည်ထားတဲ့ ဒီဇာတ်လမ်းတွဲကို ဘရူနိုင်း နိုင်ငံမှာရိုက်ကူးခဲ့တာဖြစ်ပြီး အဓိက ဇာတ်ဆောင်အဖြစ် Jang Dong Gun , Song Joon Ki Kim Ji Won နဲ့ Kim Ok-vin တို့ပါဝင်ထားပါတယ်

ဇာတ်လမ်းပုံစံလေးက ဒီလို ??

??‍♂️Eun- Sum (Song Joong-Ki) က Arthdal မြို့တော်ကို ဘေးအန္တရာယ်တွေသယ်ဆောင်လာမယ့်သူဆိုတဲ့ နမိတ်မကောင်းသော ကြမ္မာဆိုးနက္ခတ်နဲ့ယှဉ်ပြီး မွေးဖွားလာခဲ့တဲ့ကလေးပါ သူ့ကိုကယ်တင်ဖို့အတွက် မိခင်ဖြစ်သူရဲ့ရုန်းကန်လှုပ်ရှားခဲ့ရပုံတွေကြောင့် ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ကြီးပြင်းလာခဲ့ရသူပါ တစ်နေ့တော့ Arthdal မြို့တော်ဆီကို တဖန်ပြန်လည်ရောက်လာခဲ့တဲ့အခါ..

??‍♂️Ta-Gon (Jang Dong-Gun) က Arthdal ရဲ့ စစ်သူရဲကောင်းတစ်ဦးပါ သူကတော့ Arthdal မြို့တော်ကို ကြွယ်ဝအောင်မြင်တဲ့မြို့တော်တစ်ခုဖြစ်လာစေဖို့အတွက် ကျောက်စီလမ်းခင်းပေးခဲ့သူဖြစ်ပြီး Arthdal မြို့တော်ရဲ့ သြဇာအာဏာအရှိဆုံးသူပါ သူ့ရဲ့စိတ်ကူးအိပ်မက်ကတော့ Arthdal ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်လာဖို့ပါပဲ

??‍♀️Tan-Ya (Kim Ji-Won) က Eun Sun ရဲ့ကြမ္မာနက္ခတ်နဲ့တူညီစွာမွေးဖွားလာခဲ့ရသူပါ ဒါ့အပြင် သူမက Wahan မျိုးနွယ်စုရဲ့ဆက်ခံသူတစ်ဦးလည်းဖြစ်ပါတယ် ခက်ခဲမှုတွေကို ဖြတ်ကျော်ခဲ့ရင်းသူမရဲ့ပန်းတိုင်ကိုသိရှိလာခဲ့ပါတယ် အမြင့်မားဆုံးဂုဏ်ထူးတွေနဲ့နေထိုင်ရှင်သန်ခဲ့တဲ့ သူမရဲ့ရည်မှန်းချက်ကတော့ နိုင်ငံရေးသမားတစ်ဦးဖြစ်လာဖို့ပါ သူမက Eun Sum ရဲ့အချစ်ဦးဖြစ်သလို Ta-Gon ချစ်မြတ်နိုးရသူလည်းဖြစ်ပါတယ်တဲ့

??‍♀️Tae Al-ha (Kim Ok-vin ) သူမကတော့ လူသားတွေနဲ့ခြားနားလှတဲ့မျိုးနွယ် Noeantal ရဲ့နောက်ဆုံးကျန်ရှိခဲ့တဲ့မျိုးဆက်ဖြစ်ပြီး Asdal ရဲ့ပထမဆုံး ဧကရီဘုရင်မ တစ်ပါးလည်း ဖြစ်ပါတယ်

ရည်မှန်းချက် တွေ ကြမ္မာဆိုးတွေနဲ့ ချစ်ခြင်းတရားတွေကြားက လူသား ၄ ဦး တစ်ဦးရဲ့ရည်မှန်းချက်နဲ့ တစ်ဦးနဲ့ ပန်းတိုင်တို့ ရောယှက်စပ်ဆက်နေတဲ့အခါ.. Arthdal မြို့တော်က မိမိလိုရာရရှိဖို့အတွက် တိုက်ခိုက်ယှဉ်ပြိုင်နေကြမယ့် ရင်ခုန်စိတ်ဝင်စားဖွယ်ရာ ပုံပြင်တစ်ပုဒ်ပါတဲ့

သဘာဝလွန်သမိုင်းကြောင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ ဒီဇာတ်ကားက KDrama ဇာတ်လမ်းတွေမှာသိပ်မမြင်ရဖူးသေးတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ အရိုင်းဆန်တဲ့နယ်မြေစတဲ့ ဇာတ်ကောင်သစ်တွေမြင်ရမှာလည်းဖြစ်သလို သရုပ်ဆောင်တွေကလည်း ကိုယ်နဲ့ရင်းနှီးပြီးသား ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာကို စောင့်မျှော်ကြည့်ရအောင်နော် ☺️❤️

ဇွန်လ (၁) ရက်နေ့ကစပြီး အပတ်စဉ် စနေ-တနင်္ဂနွေနေ့ည ၉:၀၀ (KST) တိုင်းtvNရုပ်သံလိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Review credited to Kdrama Crazies Myanmar
Translated by Winnie Ngoon and Phyo Thant

Arthdal Chronicles
Arthdal Chronicles
Original title 아스달 연대기
First air date Jun. 01, 2019
Seasons 1
Episodes 6

Similar titles

Dance of the Phoenix (2020) မြန်မာစာတမ်းထိုး
Ragnarok (2020)
The Last Kingdom (2015 –
Vagabond
Pennyworth
Record of Youth
At Eighteen
Marvel’s Agents of S.H.I.E.L.D. (2013-2020)
Meteor Garden (2018) မြန်မာစာတမ်းထိုး
Game of Thrones
Still 17
Mama Fairy and the Woodcutter