
What Happened to Mr. Cha? (2021)
================================
မကြာခင်ကမှ အသစ်ထွက်ထားတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
လူတိုင်းမှာ (အထူးသဖြင့်အသက်အရွယ်တစ်ခုရလာတဲ့လူတိုင်းမှာ) ရွှေရောင်လွှမ်းခဲ့တဲ့အတိတ်ဆိုတာရှိတတ်ကြပါတယ်။ နာမည်ကြီးတွေအတွက်ဆို အအောင်မြင်ဆုံးကာလ၊ အမျိုးသမီးကြီးတွေအတွက်ဆို အလှပခဲ့ဆုံးမိန်းမပျိုဘ၀ လိုမျိုးပေါ့။ တချို့ကတော့ အဲဒီရွှေရောင်လွှမ်းခဲ့တဲ့အတိတ်ကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး။
ဒီဇာတ်လမ်းထဲမှာလည်း တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားကြီး Cha In-Phyo ဟာ သူ့ခေတ်မရှိတော့ပေမဲ့၊ လက်တွေ့ကိုမြင်နိုင်ဘဲ သူ့ကိုယ့်သူ အရင်ကလိုထင်မှတ်နေခဲ့ပါတယ်။ သူဟာ အခုထိပရိသတ်တွေကြားမှာ ခေတ်စားနေဆဲလို့ပဲ ထင်မှတ်နေခဲ့တာပါ။ အမှန်တော့ သူ့ရဲ့ရွှေရောင်လွှမ်းခဲ့တဲ့နေ့ရက်တွေက ကုန်လွန်သွားခဲ့ပါပြီ။
တစ်နေ့မှာတော့ မမျှော်လင့်ဘဲ ငိုရခက်ရယ်ရခက်တဲ့ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အသက်အန္တရာယ်ရင်ဆိုင်နေတဲ့ကြားက ချာအင်ဖြိုဟာ အသက်ထက် သူ့ပုံရိပ်ကောင်းကို ထိန်းသိမ်းချင်စိတ်က များနေခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့ကိုကယ်ဆယ်ဖို့အရေးဟာ လွယ်မလိုနဲ့ခက်နေခဲ့ပါတယ်။
ချာအင်ဖြိုတစ်ယောက် မတော်တဆမှုကနေလွတ်မြောက်ပါ့မလား၊ သူ့ရဲ့တလွဲဆံပင်ကောင်းနေတဲ့ အတွေးတွေက အမြင်မှန်ရနိုင်ပါ့မလား၊ သူ့အတွက်ဘယ်လိုသင်ခန်းစားတွေက စောင့်ကြိုနေမလဲဆိုတာကို ဟာသနှောပြီး ကြည့်ကြရမှာပါ။ ဒရမ်မာနဲ့ဟာသရောထားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ကျလူတစ်ယောက်ရဲ့ ဘ၀သင်ခန်းစာနဲ့ ကိုယ့်ကိုယ်ကိုအမှန်မြင်တတ်ဖို့ ဘယ်လောက်ထိအရေးကြီးလဲဆိုတဲ့ အတွေးအမြင်တွေကို ရရှိစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။
ဒီဇာတ်လမ်းမှာ အသက် ၅၃ နှစ်အရွယ် မင်းသားကြီး Cha In-Pyo ကပဲ အဓိကဇာတ်ကောင် Cha In-Pyo အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။
Translated and Review by Cherry
Encoded by Noah
Quality – Webdl
Size – 1GB / 390MB
IMDB – 4.1
Genres – Comedy, Drama
Run Time – 1 Hr 42 mins