
Unpaused (2020)
==============
GC ပရိသတ်ကြီးကိုသည်တစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ Dec 18, 2020 ကအသစ်ထွက်ရှိထားတဲ့ အိန္ဒိယ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Rating အနေနဲ့ IMDb 7.2/ 10 ရထားတာကြောင့် ကြည့်လို့မကောင်းမှာ စိတ်မပူနဲ့နော်။
သည်ဇာတ်ကားလေးကတော့ ယခု တစ်ကမ္ဘာလုံး ကြုံတွေ့နေရတာ Covid 19 ကပ်ဆိုးရောဂါနဲ့ပတ်သက်ပြီး လူတွေရဲ့ ဘဝဇာတ်ခုံကို ကွင်းကွင်းကွက်ကွက်ပေါ်အောင် ရိုက်ပြထားပါတယ်။ ကိုဗစ် 19 နောက်ဆက်တွဲအနေနဲ့ အရာအားလုံး နေရာအားလုံး ထိတွေ့မှုနည်းနိုင်သမျှနည်းအောင် ကူးစက်မှုလျော့ချလို့ရအောင် Lockdown ချပစ်လိုက်ကြသည်။ ထိုအခါ ဆင်းရဲသော အိန္ဒိယ ပြောင်းရွှေ့လုပ်သားများသည် မိသားစုနှင့်တကွ ငတ်မွတ်နေရသော ဘဝအခြေအနေ… ငွေရှိသော်လည်း ဘဝရဲ့ အခက်အခဲတွေကို အတူကျော်ဖြတ်ဖို့ လက်တွဲခဲ့သူ၏ သစ္စာဖောက်မှု… တစ်ခါတစ်လေပေါ့…ဘဝမှာ အသစ်တစ်ဖန် ပြန်လည်စတင်နိုင်ဖို့ အချိန်ခဏတာ…တကယ့်ကို ခဏလေး.. လိုအပ်တယ်။ အဲ့ဒီအချိန်ကိုမပေးမိလိုက်တဲ့အခါ ဘဝမှာ ဆုံးရှုံးသွားရနိုင်ပုံ… အချင်းချင်းဖေးမမှုကြောင့် ဘဝကို ရပ်တည်လာနိုင်ပုံ… အထီးကျန်ခြင်းရဲ့ အဓိပ္ပါယ်… မိသားစု၏အဓိပ္ပါယ်… ကိုဗစ်ကာလ အလွှာပေါင်းစုံက ဘဝတွေကို ရိုက်ပြထားတာ ကြောင့်… အားလုံးပဲ လက်လွှတ်မခံသင့်ဘဲ ကြည့်လိုက်ကြပါနော် တိုက်တွန်းချင်ပါတယ်။ ဇာတ်ကားလေးကပေးချင်တဲ့ Message လေးက လူသားအားလုံးအတွက်အတုယူစရာလေးဖြစ်နေတာကြောင့်ပါ။
Translated and Review by Yu
Encoded by Noah
Quality – Webrip
Size – 1.3B / 450MB
IMDB – 7.2
Genres – Drama, Romance
Run Time – 1 Hr 53 mins