
The Midnight Sky (2020)
========================
ယခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Midnight Sky ဆိုတဲ့ကားလေးပါ။ တောင်ကိုရီးယားမှာတော့ ဒီဇင်ဘာ ၉ ရက်နေ့ ၂၀၂၀ ကမှရုံတင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ကျွန်တော်တို့နေထိုင်ရတဲ့ ကမ္ဘာကြီးဟာ တစ်ဖြည်းဖြည်းနဲ့ ညစ်ညမ်းမှုဖြစ်ပေါ်လာတဲ့အခါ သဘာ၀ပတ်၀န်းကျင်ပျက်စီးမှူတွေဖြစ်ပေါ်လာပါတယ်။ ရာသီဥတုမညီမျှတော့တာတွေပေါ့။ ဒီလိုပြဿနာတွေကိုရင်ဆိုင်ဖို့အတွက် နည်းလမ်းကတော့ ကမ္ဘာသစ်တစ်ခုကိုရှာဖွေလိုက်တာပါပဲ။ ဟုတ်ပါတယ် အခုဇာတ်ကားလေးကတော့ ကမ္ဘာအသစ်ကိုခရီးနှင်ထားတဲ့ စိတ်ကူးယဥ်ဆန်တဲ့ဇာတ်ကားလေးပါ။ Imdb 5.6 အထိလည်းရရှိထားပါတယ်။ လုံး၀ကို အနှစ်သာရပြည့်၀တဲ့ကားဆိုလည်းမမှားပါဘူး။
ဇာတ်လမ်းအစမှာတော့ အော်စတင်ဆိုတဲ့ အဘိုးကြီးက ၀င်ရိုးစွန်း အာကာသ ဆက်သွယ်ရေးစခန်းမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ ကမ္ဘာကြီးက ညစ်ညမ်းမှုတွေများလာတဲ့အခါ လူတွေက သူတို့နေထိုင်တဲ့နေရာတွေကိုစွန့်ခွာကြပါတယ်။ ဒါပေမယ့် ၀င်ရိုးစွန်းမှာလေထုညစ်ညမ်းမှုကြောင့် အားလုံးစွန်ခွာပြီးဘေးကင်းရာကိုရွေ့ပြောင်းခဲ့ပေမယ့် အော်စတင်ကတော့မပြောင်းလဲပဲ ကျန်နေခဲ့ပါတယ်။ သူဘာလို့ကျန်ခဲ့ရသလည်းဆိုတော့ ကမ္ဘာအသစ်ကိုစူးစမ်းလေ့လာဖို့အတွက်သွားရောက်နေတဲ့ K 23 earth ship ကို ဆက်သွယ်နိုင်ဖို့ပါ။ လူတွေအားလုံးက နေရာတိုင်းကိုစွန့်ခွာပြီး မြေအောက်ထဲမှာ တိမ်းရှောင်နေကြတဲ့အတွက်
အားလုံးအဆက်အသွယ်တွေပြတ်ကုန်ကြပါတယ်။ ဒီလိုနဲ့သူက တစ်ညမှာတော့ ကျန်ရှိနေတဲ့ ဂြိုလ်တုတွေကိုစစ်ဆေးရင်း K 23 ဂြိုလ်တုဟာ
ဆက်လက်ပြီးတော့ အသက်ရရှင်နေတာကိုသိရတော့ သူဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လည်း သူ့ရဲ့ station အင်တာနာက အရမ်းကို weak နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ခြား အင်တာနာကို ပြောင်းပြီးဆက်သွယ်ဖို့လုပ်တော့ ဟဇန် ရေကန် နားလေးက ရာသီဥတုညွှန်ပြတဲ့စခန်းမှာ အင်တာနာဟာအားကောင်းတာကိုတွေခဲ့ရပါတယ်။
ဒီလိုပဲသူက အဲ့ဒီကိုခရီးနင်ပြီးတော့ ဆက်သွယ်ခဲ့တော့အောင်မြင်ခဲ့ပါတယ်။ ဘာလို့သူဒီလို ကမ္ဘာကြီးပျက်စီးနေတဲ့ကြားက အရေးတစ်ကြီးအသက်ကိုလောင်းကြေးထပ် ဆက်သွယ်ခဲ့တာလဲ။ ဟုတ်ပါတယ် ယာဥ်ပေါ်မှာ ပါသွားတဲ့ လူငါးယောက်ထဲက အိုင်းရစ်ဆိုသူက အော်စတင်ရဲ့ ချစ်ကြိုက်မိခဲ့တဲ့ သူရဲ့ သမီးဖြစ်နေလို့ပါပဲ။ ဒါပေမယ့် အော်စတင်ဆိုသူက ငယ်ရွယ်တုန်းက အရမ်းထူးချွန်ခဲ့သူပါ။ အိုင်းရစ်တို့သွားနေတဲ့ ကေ ၂၃ ဂြိုလ်ကိုလည်း သူပဲစတင်တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်အလုပ်တွေပဲအချိန်ပေးလာတဲ့အခါ လူမှုရေးမှာလစ်ဟာခဲ့တဲ့ အော်စတင်တစ်ယောက် ဒီလိုအသက်ကိုတောင်လောင်းကြေးထပ်ပြီးပေးဆပ်ခဲ့ကြောင်း ယာဥ်ပေါ်မှာ ၂ နစ်အကြာခရီးသွားစုံစမ်းရေးတွေလုပ်ခဲ့တဲ့ သူတွေလည်း မိသားစုကိုဘယ်လိုလွမ်းမလဲဆိုတာ.. မိသားစုဟာ လူတစ်ယောက်အတွက်ဘယ်လောက်ထိအရေးပါသလဲဆိုတာ… နောက်ဆုံး အော်စတင်အသက်ထွက်ချိန်အထိ အိုင်းရစ်လေးက ဘေးမှာရှိနေခဲ့တယ်လို့သူ့စိတ်ထဲ ဆွဲကျန်နေရလောက်အောင်သံယောဇဥ်အချစ်ကြီးခဲ့တယ်ဆိုတာ.ကို ဖော်ကျူးပြထားတဲ့ကားလေးဖြစ်ပါတယ်။
Translated and Review by KyawHtet WinThein
Encoded by Noah
Quality – Webrip
Size – 1GB / 440MB
IMDB – 5.6
Genres – Drama, Fantasy, Sci-fi
Run Time – 1 Hr 58 mins