
The 100 Year-Old Man Who Climbed Out the Window and Disappeared (2013)
======================================================================
အယ်လန် ဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူ့ရဲ့ အသက်တစ်ရာပြည့်တဲ့ မွေးနေ့မှာ ဘိုးဘွားရိပ်သာ ပြတင်းပေါက်ကနေ ထွက်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဟိုးငယ်ငယ်ထဲက စိတ်ထဲရှိတဲ့အတိုင်း ဘာကိုမှ မစဉ်းစားပဲလုပ်တတ်လို့ပါပဲ။ သူဘိုးဘွားရိပ်သာကနေ ထွက်သွားပြီ ကားဂိတ်ကိုရောက်သွားတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းက လူတစ်ယောက်က အိမ်သာဝင်ချင်နေတာ။ သူ့မှာပါလာတဲ့ လက်ဆွဲအိတ်ကြီးနဲ့ အဆင်မပြေလို့ အဲဒီ အိတ်ကို အဘိုးကြီးကိုခဏကိုင်ခိုင်းလိုက်တယ်။ ဒါပေမယ့် အဘိုးကြီး လက်မှတ်ဖြတ်ထားတဲ့ ကားက ထွက်တော့မှာဆိုတော့ အဘိုးကြီးက အိတ်ကို ဆွဲပြီး ကားပေါ်တက်သွားခဲ့ပါတယ်။ ပါသွားတဲ့ အိတ်က ခရီးဆောင်အိတ်ဆိုပေမယ့် ဂိုဏ်း တစ်ခုလုံးရဲ့အသက်က အဲဒီအိတ်ပေါ်မှာမူတည်နေတဲ့အခါမှာတော့ ဘယ်လိုအရှုပ်အရှင်းတွေဖြစ်ကြမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ အရှုပ် အထုပ်တွေကို ပြလိုက် အဘိုးကြီးငယ်ငယ်က အလွဲတွေကို ပြလိုက် ဟာသလေးတွေနဲ့ မပျင်းရတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ down ကြည့်လိုက်ပါဦးနော်။
Translated and Review by KG Zar NI
Encoded by Noah
Quality – Bluray
Size – 1GB / 430MB
IMDB – 7.1
Genres – Adventure, Comedy
Run Time – 1 Hr 54 mins