
Pieces of a Woman (2021)
========================
သာယာတဲ့အိမ်ထောင်ရေးတစ်ခုမှာ သားသမီးဆိုတဲ့ဆည်းလည်းတစ်ခုတော့ မဖြစ်မနေလိုအပ်ပါတယ်။ ကလေးအင်မတန်လိုချင်နေရှာတဲ့ Seanနဲ့ Marthaတို့ဇနီးမောင်နှံကလည်း သူတို့ဘဝထဲဝင်ရောက်လာမယ့် ရင်သွေးလေးကိုတွေးရင်း ဝမ်းသာပီတိဂွမ်းဆီထိနေကြတာပေါ့။ ဒါပေမဲ့လောကကြီးက ဒီဇနီးမောင်နှံကို မျက်နှာသာမပေးခဲ့ပါဘူး။ Marthaကလေးမွေးမယ့်နေ့မှာပဲ သူတို့ပြနေကြဖြစ်တဲ့သားဖွားဆရာမ Barbaraဟာ တခြားတစ်ယောက်ကို ကလေးမွေးပေးနေတဲ့အတွက် Evaဆိုတဲ့သားဖွားဆရာမကို အစားလွှတ်ပေးလိုက်ရာက သမီးလေးကို မွေးမွေးပြီးချင်းမှာပဲ လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။
မျှော်လင့်ချက်ရောင်ခြည်ပျောက်ဆုံးသွားတဲ့မိခင်လောင်း Martha တစ်ယောက် နွေးထွေးဖော်ရွေတတ်သူအဖြစ်ကနေ အေးတိအေးစက်ဖြစ်သွားပြီး အိမ်ထောင်ရေးကလည်း အေးစက်သွားပါတော့တယ်။ ဒီအချ်န်မှာ သမီးလေးကိုဆုံးရှုံးရတာက သားဖွားဆရာမကြောင့်ဆိုတာသိသွားပြီး Martha ရဲ့အမေဖြစ်သူက Negligence နဲ့ သားဖွားဆရာမEvaကို တရားစွဲဆိုဖို့ အကြံပြုလာတဲ့အခါမှာတော့….
IMdb 6.7 နဲ့ Rotten tomatoes 76%အထိ ratingကောင်းတွေရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင့် အမျိုးသမီးတစ်ယောက်အတွက် သူ့ရဲ့အသက်ရှင်နေရတဲ့အကြောင်းအရင်းဟာ သူမရဲ့ရင်သွေးဖြစ်တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ Pieces of a Womanဆိုတဲ့ဒီရုပ်ရှင်လေးကို ကြည့်ရှုခံစားလိုက်ရအောင်လား။
Review by Zin Min Thu
Translated by Zin Min Thu & Lynn Kha
Encoded by Noah
Quality – Webrip
Size – 1GB / 530MB
IMDB – 7.1
Genres – Drama
Run Time – 2 Hr 6 mins
ခင်ဗျားတို့Channelကchannelမြန်မာလိုဇာတ်ကားနာမည်ရိုက်ရှာရင်ဘာမှရှာလို့မရဘူး
ရှိတဲ့ကားဆိုရင်တော့ ပေါ်တယ်လေ