
Mismatched Couples (1985)
==========================
သည်တစ်ခါမှာတော့ GC ပရိသတ်ကြီးအတွက် အချစ်ဟာသဇာတ်လမ်းလေးတစ်ကားဖြစ်တဲ့ ဟောင်ကောင်အချစ်ဟာသ Mismatched Couples နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သည်ကားလေးကို 1985 April 3 ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ သည်နေ့ခေတ်နဲ့ဆို ခေတ်ဟောင်းကားလေးဖြစ်ပေမယ့် ဇာတ်ကားရဲ့ အရသာကတော့ ပေါ့ပျက်သွားခြင်းမရှိပါဘူး။
ဇာတ်ကားလေးရဲ့အကျဥ်းချုပ်ကတော့ အားတီဆိုတဲ့ ကောင်ကလေးဟာ ငယ်ငယ်လေးနဲ့ တိုက်ခိုက်တာတော်ပြီး ဒစ်စကို ကာတာ သိပ်တော်ပါတယ်။ တစ်နေ့မှာ ရဲနဲ့တွေ့ပြီး စီးပွားပျက်သွားတဲ့ အောပရာပြစားသူ တာရင်းအစ်ကို နဲ့တွေ့ပြီး အားတီက အိမ်ခေါ်လာ အလုပ်ရှာပေးရင်း ကူညီပေးခဲ့ပါတယ်။ အားတီနဲ့အတူ သူ့အစ်မ အားရင်းရယ် ညီမ ဝမ်းကွဲလေး တစ်ယောက် စတယ်လာ တို့ပါ အတူတူ နေထိုင်ကြပါတယ်။
အားတီအစ်မဟာ အစပိုင်းတော့ လက်မခံပေမယ့် ဘယ်လို လက်ခံဖြစ်သွားမလဲ…ထို့နောက်တော့ သူ့ကိုသူ အတော်ဆုံးလို့ နပန်းသမားက အားတီကို သူ့ထက်တော်တယ်ထင်ကာ စိန်ခေါ်ပွဲ ဆင်နွှဲရင်း ဘာဆက်ဖြစ်မလဲ ဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှူ ခွီနိုင်ပါတယ်နော်။ အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်တာကြောင့် ရယ်လည်းရယ်ရသလို လူ့ဘဝ ဇာတ်ခုံပေါ်တွင်ကပြနေရသော လူသားတို့၏ ပုံစံကို ရိုက်ကူးပြထားတာကြောင့် လက်လွှတ်မခံသင့်ကြောင်း အကြောင်းကြားလိုက်ပါရစေ…
Translated and Review by Yu
Encoded by Noah
Quality – Webdl
Size – 1GB / 350MB
IMDB – 6.7
Genres – Action, Comedy, Romance
Run Time – 1 Hr 35 mins