
Minari (2020)
=============
Rating ကောင်းကောင်းရထားပြီး အမေရိကန်အခြေစိုက် Sundance Film Festival (ရုပ်ရှင်ပွဲတော်) က ရတဲ့ ဆု ၂ ဆုအပါအ၀င် ဆုများစွာရရှိခဲ့တဲ့ ကိုရီးယား-အမေရိကန် ဒရမ်မာဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ဒီဇင်ဘာလကမှ အသစ်ထွက်ထားတာပါ။
“Minari” ဆိုတာ ကိုရီးယားအခေါ်ဖြစ်ပြီး တရုတ်နံနံလိုအပင်တစ်မျိုးဖြစ်ပါတယ်။ ကိုရီးယားမှာ ကျန်းမာရေးအတွက်ကောင်းတဲ့အရွက်တစ်မျိုးအဖြစ်စားသုံးကြပြီး ဘယ်နေရာမှာစိုက်စိုက် ရှင်သန်နိုင်တဲ့အပင်လည်း ဖြစ်ပါတယ်။
“Minari” ဇာတ်လမ်းဟာ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်ခုကို အခြေခံပြီး ၁၉၈၀ ပြည့်နှစ်၀န်းကျင်က အမေရိကန်မှာရွှေ့ပြောင်းနေထိုင်ကြတဲ့ ကိုရီးယားလူမျိုးတွေအကြောင်းကို ဒရမ်မာနှောပြီး ရိုက်ကူးထားတာပါ။ အဲဒီလိုရွှေ့ပြောင်းကိုရီးယားလူမျိုးတွေကို အရပ်ဒေသမရွေးရှင်သန်နိုင်တဲ့ “Manari” ပင်နဲ့ တင်စားထားဟန်ပါပဲ။ “Minari” ဟာ အမေရိကန်ဖွား၊ ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ဖြစ်သူ Lee Isaac Chung ရဲ့ဘ၀ တစ်စိတ်တစ်ဒေသလို့လည်း ဆိုကြပါတယ်။
အမေရိကန်မှာ သူတို့ရဲ့အိပ်မက်ကိုအကောင်အထည်ဖို့ ကိုရီးယားကနေရွှေ့ပြောင်း ရောက်ရှိလာတဲ့ မိသားစုတစ်စု၊ Arkansas ပြည်နယ်ကို ရောက်ရှိလာတဲ့အခါ သူတို့ထင်ထားသလို ဘ၀ရပ်တည်ရေးအဆင်ပြေပါ့မလား… စီးပွားရေးကြပ်တည်းမှုနဲ့ သားငယ်ရဲ့ကျန်းမာရေးအပြင် အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်လာရတဲ့အခါ ဘယ်လိုစခန်းသွားကြမလဲ.. ဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ယူတတ်ရင် သင်ခန်းစာတွေရရှိနိုင်ပြီး ခပ်အေးအေးဒရမ်မာဇာတ်လမ်းနဲ့ မိသားစုမေတ္တာဇာတ်လမ်းမျိုး ကြည့်ချင်သူတွေ လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်။
Translated & Review by Cherry
Encoded by Noah
Quality – Webscr
Size – 1GB / 440MB
IMDB – 7.8
Genres – Drama
Run Time – 1 Hr 55 mins