
I Saw the Light (2015)
======================
သည်တစ်ခါGC ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ အမေရိကန် နာမည်ကြီး တေးရေး အဆိုတော် ဟန့်ခ်ဝီလီယမ်ရဲ့ ဘဝဇာတ်ကြောင်း ကို ရိုက်ကူးထားတဲ့ Drama ကားလေးပါ။ သည်ကားလေးကို 2016 April 1 ရက်နေ့တွင် စတင်ပြသခဲ့ပြီး Rating IMDb 5.8/10 ရရှိထားပါတယ်။
သည်ကားလေးကတော့ မွေးရာပါ အနုပညာရှင်တစ်ဦး ဟန့်ခ် တစ်ယောက် သီချင်းဆိုလောကထဲ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာစေဖို့ ရေဒီယို အသံလွှင့်ရုံမှာ တစ်ပတ် ၁၂ဒေါ်လာရတဲ့ ဘဝကနေစခဲ့ရပါတယ်။ သို့သော် ထူးချွန်သူတစ်ဦးမို့ အားပေးနှစ်သက်သူများ နိုင်ငံ နှင့်အဝန်းရှိခဲ့သလို လူကြိုက်လည်းများခဲ့သည်။ ကလေးတစ်ယောက်ပါသော ဇနီးသည် အော်ဒီရီကို လက်ထပ်ခဲ့ပြီးနောက်ပိုင်း စိတ်သဘောထားမတိုက်ဆိုင်မှုများ ခဏခဏဖြစ်လာခဲ့သည်။ ဇနီးသည်ကား ငွေကြေး အောင်မြင်မှု မက်မောသလို ဂရုစိုက်မှုလည်းမက်မောသည်။ သို့သော် ဟန့်ခ် တစ်ယောက် Opry နာမည်ကြီး ဂီတ ကုမ္ပဏီတစ်ခုဆီ ဝင်ခွင့်ရသွားသည့်အချိန်တွင် ဘဝလုံးဝပြောင်းလဲသွားခဲ့ရတော့သည်။
သည်ကားလေး၏ အနှစ်ချုပ်ကား လူတိုင်း၏ဘဝတွင် အောင်မြင်မှုရှိစမြဲ ဖြစ်သည်။ ကြိုးစားမှုနှင့်ထိုက်တန်သောအောင်မြင်မှု… သို့သော် ငွေကြေး၏ ဒဏ်ကို မခံနိုင်သောအခါ ဘဝတွေ ပြိုလဲရင်း ဟန့်ခ်၏ ဘဝအဆုံးသတ်ခဲ့ရပုံကို ဖော်ပြထားခြင်းဖြစ်သည်။ အမေတစ်ဦး၏ သားအပေါ်ထားသော မပြောင်းလဲသော မေတ္တာ ငွေကြေးနောက်သို့ လိုက်မိသောအခါ နောင်တစကားတွေ… ဘဝ၏အနှစ်သာရများစွာကို ရိုက်ပြထားတာကြောင့် လက်မလွတ်ဘဲ ကြည့်ရှူပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ…
Translated and Review by Yu
Encoded by Noah
Quality – Bluray
Size – 900MB / 410MB
IMDB – 5.8
Genres – Biography, Drama, Music
Run Time – 2 Hr 3 mins