
Fantasy of the Girls (2016)
===========================
ဒီတစ်ခါတော့ Fantasy of girl ဆိုတဲ့ ကိုရီးယား၂၀၁၆ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ မိန်းကလေးနှစ်ယောက်ကြားထဲကချစ်ခြင်းမေတ္တာကို နှောင်ဖွဲ့ပြီးရိုက်ကူးပြထားတာပါ။ Itaewon class ထဲမှာပါ၀င်ထားတဲ့ မင်းသမီးလေး Kwon Nara လည်းပါ၀င်သရုပ်ဆောင်ထားပါတယ်။
ကျွန်တော်သာဆို Kon Nara ပါတဲ့ကားဆို Review တောင်ဖတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း Review လေးကိုတော့ပြောပြပေးသွားမှာပါ။ ဇာတ်လမ်းအစပိုင်းမှာ ဘောင်းဆွန်ဟွနဲ့ သူ့ရဲ့သူငယ်ချင်းတို့က ဇာတ်ကဖို့အတွက်ပြင်ဆင်နေကြတယ်။ လေ့ကျင့်နေကြတယ်ပေါ့။ ဒါပေမယ့် သူတို့လေ့ကျင့်ရင်း စာရင်းပေးဖို့အချိန်လွန်သွားတာကို နောက်ကျမှသိခဲ့ကြရပါတယ်။ ဒါကြောင့်သူတို့လည်း ဇာတ်ရုံကိုအပြေးအလွှားသွားကြတာပေါ့။ မမှီလိုက်ပါဘူး။
ဒါကြောင့် ဆွန်ဟွသူငယ်ချင်းဖြစ်သူက သူဇာတ်တိုက်ဖို့ အားခဲထားတာအလကားဖြစ်ပြီဆိုပြီး စိတ်ညစ်နေတုန်း ဆွန်ဟွက သူ့သူငယ်ချင်းလေးပျော်အောင်ဆိုပြီး စင်ပေါ်တက် သူပြောတဲ့ဇာတ်သွားအတိုင်းပြောလိုက်ပါတယ်။ ဒါပေမယ့် သူမသိလိုက်တာက ပြပွဲကို ဒါရိုက်တာလုပ်တဲ့ ဂျွန်းဆောယွန်းဆိုတဲ့ စီနီယာအစ်မက ထွက်မသွားသေးဘူးဆိုတာပါပဲ။ သူက ဆွန်ဟွ ပြောတဲ့အသံကိုကြားပြီးတော့ ဆွန်ဟွကို အတန်း နာမည်တွေမေးပြီး မင်းသမီးတင်ဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်။
ဒါပေမယ့် ဆွန်ဟက မင်းသမီးမလုပ်ချင်ဘူးဆိုတာကို ဆောယွန်းကို လာပြီးတော့ပြောတဲ့အချိန်မှာ လီဟနမ် ဆိုတဲ့ ဂျူးလိယက် နေရာက သရုပ်ဆောင်မယ့် သူနဲ့ က သူ့ကို မထွက်ဖို့တားမြစ်ပါတယ်။ ဒီလိုနဲ့သူကလည်း ၀င်လုပ်လိုက်ရတာပါ။ သူ့သူငယ်ချင်းလေးကလည်း ဟနမ်ကို အရမ်းကြွေနေတာဆိုတော့ ဟမန်နဲ့နီးစပ်ဖို့အတွက်လုပ်ပေးရင်း သူပါတစ်ဖြည်းဖြည်းစိတ်၀င်စားလာခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ရက်တွေကုန်ဆုံးရင်း ကုန်ဆုံးရင်း ကျော်လွန်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ။ ဆွန်ဟွကရော ဟမန် အချစ်ကို ရယူနိုင်မလား။ Happy ending လေးလား Happy ending မဖြစ်သွားဘူးလားဆိုတာတော့ ကိုယ့်ဘာသာကိုယ်ပဲ ခံစားကြည့်ရှုလိုက်ပါ။ IMDB ကတော့ 7.1 အထိရရှိထားပြီး မင်းသမီးလေးတွေအားလုံးကလည်း ချစ်စရာကောင်းကြပါတယ်။
Translated and Review by KyawHtet WinThein
Encoded by Noah
Quality – Webdl
Size – 1GB / 400MB
IMDB – 7
Genres – Romance
Run Time – 1 Hr 49 mins