
Chasing the Rain (2020)
========================
အက်ရစ်က ဓာတ်ပုံပညာကို စိတ်၀င်စားတဲ့ ကောင်လေးပါ။ အဲ့တာအပြင် သူက အာဖရိကက ရေရှားပါးတဲ့ နေရာမှာ ရေတွင်းတူးဖို့အတွက် အဖွဲ့စည်းတစ်ခုကိုပါ တည်ထောင်ထားပါတယ်။ သူ အာဖရိကကနေ ပြန်လာတော့ ပန်းချီပြပွဲတစ်ခုမှာ ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲ့ကောင်မလေးနဲ့ သူက ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။ တစ်နေ့ သူတို့ ဆောက်နေတဲ့ ရေတွင်းက အဆိပ်တွေ ဖြစ်တယ်ဆိုပြီး ပိတ်ခံလိုက်ရပါတယ်။ အဲ့နောက် သူက အာဖရိကကကို ပြန်သွားဖို့ အကြောင်းဖန်လာပါတော့တယ်။
ဒါပေမယ့် သူဒီတစ်ခေါက် သွားတာဟာ အာဖရိကမှာပဲ အပြီးအပိုင်နေမှာဖြစ်တဲ့အတွက် ကောင်မလေးနဲ့ လမ်းခွဲခဲ့ပါတယ်။ သူ အာဖရိကမှာနေနေရင်း သူ့ရဲ့ ကျောရိုးနာဗ်ကြောကနေ ရောဂါစဖြစ်တာ သူ့ရဲ့ အမြင်အာရုံတွေ ခြေတွေ လက်တွေပါ အသန်မစွမ်း ဖြစ်လာတဲ့ အထိ ဖြစ်လာပါတယ်။ အဲ့နောက် သူ့ကို အဲ့က အဖွဲ့စည်းက တာ၀န်ရှိသူတွေက အိမ်ကို ပြန်ပို့ခဲ့ပါတယ်။ အဲ့နောက် သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်လျှောက်မလဲ။ ကောင်မလေးနဲ့ သူနဲ့ ကြားမှာရော မပြီးသေးတဲ့ သံယောဇဉ်တွေနဲ့အတူ သူ့ရဲ့ ဒုက္ခိတ ဖြစ်တော့မယ့် ခန္ဓာကိုယ်ကို ဘယ်သူ့ကိုမှ ၀န်ထုပ် မဖြစ်စေချင်တဲ့ အက်ရစ်ရဲ့သူ့ရဲ့ ဘ၀အကြောင်းတွေ ကောင်လေးနဲ့ ကောင်မလေးကြားက လှပတဲ့ သံယောဇဉ်တွေနဲ့ အတူ အာဖရိကရဲ့ ရေရှားပါးမှုကို နောက်ခံထားပြီး စိတ်၀င်စားစရာကောင်းအောင် ရိုက်ပြထားတဲ့ ကားကောင်းလေးပါ။
Translated and Review by Lynn Htut
Encoded by Noah
Quality – Webrip
Size – 1GB / 450MB
IMDB – 5.6
Genres – Drama
Run Time – 1 Hr 56 mins